ဂရိတ် ဖောင်ဒေးရှင်း သည် ဆယ်စုနှစ်တစ်ခုအထိ ဖောက်သည်များ၏ ယုံကြည်စိတ်ချရသော ပလပ်စတစ်ထုတ်ကုန် စက်မှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။
ဂရိတ် ဖောင်ဒေးရှင်းသည် အမျိုးမျိုးသော ကုမ္ပဏီကြီးငယ်များ အတွက် သာမကပဲ မြန်မာပြည်ရှိ စက်မှုလုပ်ငန်းများ အတွက် အရည်အသွေးမြင့်သော PET ပလပ်စတစ်ပုံကြမ်းများ၊ ပုလင်းများနှင့် ပုလင်းအဖုံးအမျိုးမျိုးတို့ကို တက်ကြွစွာ ဖန်တီးထုတ်လုပ်ပေးလျက်ရှိပါသည်။
ဂရိတ် ဖောင်ဒေးရှင်းသည် အတွေ့အကြုံများစွာ ရှိသော အုပ်ချုပ်မှုပိုင်းနှင့် စက်မှုနည်းပညာအဖွဲ့တို့၏ အကူအညီဖြင့် လူ ၃၆၀ အတွက် အလုပ်များကို ဖန်တီးပေးကာ ၂၄ နာရီပတ်လုံးကို အချိန်သုံးဆိုင်းဖြင့် လည်ပတ်စေလျက် ရှိသည်။ ထို့ပြင် ပုဂ္ဂိုလ်ရေးစောင့်ရှောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အစာအာဟာရ၊ မော်တော်ယဉ် သွားလာမှုနှင့် မိသားစုများအတွက် စားသုံးကုန်များနှင့် ပတ်သက်သော ပလပ်စတစ်ပစ္စည်းများ ထုတ်ကုန်ဝန်ဆောင်မှုများကို ပေးနေပါသည်။ မြန်မာပြည်တွင်း ပုလင်း ကိုယ်စားလှယ် ၂၀၀ ကျော်ထံမှတဆင့် PET ပလပ်စတစ် ဦးဆောင်ထုတ်လုပ်ထောက်ပံ့သူအဖြစ် လည်ပတ်လုပ်ဆောင်လျက်ရှိသည်။
ဂရိတ် ဖောင်ဒေးရှင်းသည် သင့်အတွက် အကောင်းဆုံး PET ထုတ်ကုန်တွဲဖက် ဖြစ်ပါသည်။
ဂရိတ် ဖောင်ဒေးရှင်းကို စတင်တည်ထောင်သည့် ၂၀၀၁ ခုနှစ်ကတည်းကပင် PET ပလပ်စတစ်များကို မြန်မာပြည်တွင် ဦးဆောင် ထုတ်လုပ်လျက်ရှိသည်။ ယခုကျွန်ုပ်တို့နိုင်ငံ ပွင့်လင်းမြင်သာလာသည့် အလျောက် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေကို ချဲ့ ထွင်ကာ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပူးပေါင်းနိုင်ရန် ပြောင်းလဲလုပ်ဆောင်လျက် ရှိသည်။
မြန်မာပြည်တွင် PET ထုတ်ကုန်များကို ဦးဆောင်ထောက်ပံ့သူအနေဖြင့် သင့်တင့်သော ဈေးနှုန်း၊ အရည် အသွေးမြင့်မားမှုနှင့်၊ ၀န်ဆောင်မှု အပိုင်းကိုလည်း အဓိကထားဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် လုပ်ငန်းအင်အားစု ၃၀၀ ရှိပြီး ကျွန်ုပ်တို့၏ ၀ယ်ယူသူများနှင့်အတူ ဈေးကွက်ရှယ်ယာအသစ် ရှာဖွေကာ အတူတစ်ကွကြီးထွားလာလျက် ရှိပါသည်။
ဂရိတ် ဖောင်ဒေးရှင်းသည် PET ထုတ်ကုန်ကဏ္ဍတွင် ၀ယ်ယူသူအားလုံး အတွက် ယုံကြည်စိတ်ချရဆုံးသော သူအဖြစ် ရပ်တည်လျက်ရှိသည်။ သင်၏စိတ်ကျေနပ်မှုအတွက် ကျွန်ုပ်တို့ အာမခံပါသည်။
95-013-618290, 013-618291, 013-618307, 013-618315
No.113, Kanaung Minthar Gyi Street, Zone(4) Shwe Pyi Thar Industrial Zone, Shwe Pyi Thar Township, Yangon, Myanmar.
© 2018-2025 Great Foundation Plastic Manufacturing Factory (Myanmar). All Rights Reserved.